လမ်းပေါ်ကို ပိုအာရုံစိုက်နိုင်တယ်
ကားမောင်းနေစဉ် စာရိုက်ပို့လို့မရသည့်အတွက် ဖုန်းကြည့်နေရတာမျိုး မရှိဘဲ လမ်းပေါ်ကိုပဲ အာရုံစိုက်နိုင်ပါတယ်။
Driver တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။
ကားမောင်းနေချိန်အတွင်း Group ထဲက Driver အချင်းချင်း အခက်အခဲဖြစ်ရင် ကူညီနိုင်ရန်၊ Location မျှဝေပြီး ဘယ်နေရာမှာ လမ်းပိတ်နေတယ်၊ ဘယ်လမ်းကြောင်းက သွားရင် ပိုမြန်လဲဆိုတာ ဆက်သွယ်နိုင်ရန်ဖြစ်ပါတယ်။

ကားမောင်းနေစဉ် စာရိုက်ပို့လို့မရသည့်အတွက် ဖုန်းကြည့်နေရတာမျိုး မရှိဘဲ လမ်းပေါ်ကိုပဲ အာရုံစိုက်နိုင်ပါတယ်။
အခြား Driver ကို အသိပေးစရာရှိရင် Hold to talk ကို ဖိထားပြီး ပြောလိုက်ရုံပဲ။ စာရိုက်စရာမလိုတော့ ဆက်သွယ်ရတာ ပိုမြန်ပြီး ပိုအဆင်ပြေပါတယ်။
မကြာခဏသုံးတဲ့ Message တွေကို Add my message ကနေ ကြိုထည့်ထားလို့ရတယ်။ လိုတဲ့အချိန် ပြန်ရေးစရာမလိုဘဲ အမြန်ရွေးသုံးနိုင်တယ်။
အခြား Driver တွေဆီကနေ ဘယ်လမ်းပိတ်နေတယ်၊ ဘယ်လမ်းကသွားရင် ပိုမြန်မလဲဆိုတာ ကြိုသိနိုင်တော့ လမ်းရွေးရတာလည်း ပိုလွယ်သွားတယ်။
လမ်းအခြေအနေများ

ပုံမှန်ထက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသဖြင့် ကားသွားလာမှုများ ကြန့်ကြာနိုင်ပါတယ်။

ယာဉ်တိုက်မှုဖြစ်ထားလို့ ဒီလမ်းမှာ သွားလာရတာ အဆင်မပြေဖြစ်နေပါတယ်။

လမ်းပိတ်ထားလို့ ဒီဘက်ကနေ ဝင်သွားလို့မရပါဘူး။

ဆောက်လုပ်ရေး ဒါမှမဟုတ် လမ်းပြင်နေတာကြောင့် ဒီလမ်းမှာ သွားလာရတာ အဆင်မပြေဖြစ်နေပါတယ်။
Order လက်ခံထားသောအချိန်တွင် Driver Radio ကို အသုံးပြု၍မရနိုင်ပါ။
Driver ကားမောင်းနေစဉ်အတွင်း Safe ဖြစ်စေရန် Message ပို့သည့် Feature ကို အသုံးပြု၍မရနိုင်ပါ။ Driver အချင်းချင်း ဆက်သွယ်လိုပါက Hold to talk button ကို ဖိထားပြီး Voice message ပို့နိုင်ပါသည်။
Mahar RIDE က ခရီးသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက Driver တွေရဲ့ မောင်းနှင်မှုအတွေ့အကြုံကို ပိုကောင်းစေပြီး Taxi Group တွေကိုလည်း ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင် တစ်နေရာတည်းမှာ ချိတ်ဆက်ပေးပါတယ်။

၀၁ · အမြဲချိတ်ဆက်ထားပါ


ကျွန်ုပ်တို့အကြောင်း
Mahar RIDE က ခရီးသည်တွေနဲ့ Driver တွေအတွက် ယုံကြည်စိတ်ချရပြီး ချောမွေ့တဲ့ Taxi ဝန်ဆောင်မှုကို ပေးပါတယ်။ ခရီးသည်တွေ၊ Driver တွေနဲ့ Taxi Group တွေကို ချိတ်ဆက်ပေးပြီး ကားခေါ်တဲ့အချိန်မှစပြီး ခရီးဆုံးသည်အထိ ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်အောင် ကူညီပေးပါတယ်။