Mahar RIDE — ရန်ကုန်မြို့တွင်းကားခေါ်ခြင်းနှင့် လေဆိပ်ခရီးစဉ်များ

LIVE SERVICE

Driver  တွေနဲ့ အလွယ်တကူ ဆက်သွယ်နိုင်ပါတယ်။

Driver  တိုင်းအတွက် လွယ်ကူမြန်ဆန်သော ဆက်သွယ်မှု

ကားမောင်းနေချိန်အတွင်း  Group  ထဲက  Driver  အချင်းချင်း အခက်အခဲဖြစ်ရင် ကူညီနိုင်ရန်၊  Location  မျှဝေပြီး ဘယ်နေရာမှာ လမ်းပိတ်နေတယ်၊ ဘယ်လမ်းကြောင်းက သွားရင် ပိုမြန်လဲဆိုတာ ဆက်သွယ်နိုင်ရန်ဖြစ်ပါတယ်။

Driver Radio  သုံးရင် ကားမောင်းရတာ ဘယ်လိုပိုအဆင်ပြေလာမလဲ။

  1. 01

    လမ်းပေါ်ကို ပိုအာရုံစိုက်နိုင်တယ်

    ကားမောင်းနေစဉ် စာရိုက်ပို့လို့မရသည့်အတွက် ဖုန်းကြည့်နေရတာမျိုး မရှိဘဲ လမ်းပေါ်ကိုပဲ အာရုံစိုက်နိုင်ပါတယ်။

  2. 02

    ပြောချင်တာကို အသံနဲ့ ချက်ချင်းပြောလို့ရတယ်

    အခြား  Driver  ကို အသိပေးစရာရှိရင်  Hold to talk  ကို ဖိထားပြီး ပြောလိုက်ရုံပဲ။ စာရိုက်စရာမလိုတော့ ဆက်သွယ်ရတာ ပိုမြန်ပြီး ပိုအဆင်ပြေပါတယ်။

  3. 03

    ပြောနေကျ  Message  တွေကို အလွယ်တကူသုံးလို့ရတယ်

    မကြာခဏသုံးတဲ့  Message  တွေကို  Add my message  ကနေ ကြိုထည့်ထားလို့ရတယ်။ လိုတဲ့အချိန် ပြန်ရေးစရာမလိုဘဲ အမြန်ရွေးသုံးနိုင်တယ်။

  4. 04

    လမ်းအခြေအနေကို ကြိုသိတော့ သွားရလာရတာ ပိုအဆင်ပြေတာပေါ့

    အခြား  Driver  တွေဆီကနေ ဘယ်လမ်းပိတ်နေတယ်၊ ဘယ်လမ်းကသွားရင် ပိုမြန်မလဲဆိုတာ ကြိုသိနိုင်တော့ လမ်းရွေးရတာလည်း ပိုလွယ်သွားတယ်။

လမ်းအခြေအနေများ

လမ်းအခြေအနေကို အချိန်မီ မျှဝေပါ။

ကားမောင်းနေစဉ် လမ်းမှာ အခက်အခဲတစ်ခုခုရှိရင်  Driver  အချင်းချင်း အလွယ်တကူ အကြောင်းကြားပြီး ကူညီနိုင်ပါတယ်။ အခက်အခဲရှိတဲ့နေရာတွေကို  Mark  လုပ်ထားနိုင်တာကြောင့် တခြား  Driver  တွေလည်း ကြိုတင်သိရှိပြီး သတိထားမောင်းနှင်နိုင်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု

ပုံမှန်ထက် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေသဖြင့် ကားသွားလာမှုများ ကြန့်ကြာနိုင်ပါတယ်။

ယာဉ်တိုက်မှု

ယာဉ်တိုက်မှုဖြစ်ထားလို့ ဒီလမ်းမှာ သွားလာရတာ အဆင်မပြေဖြစ်နေပါတယ်။

လမ်းပိတ်ထားသည်

လမ်းပိတ်ထားလို့ ဒီဘက်ကနေ ဝင်သွားလို့မရပါဘူး။

လမ်းပြုပြင်နေသည်

ဆောက်လုပ်ရေး ဒါမှမဟုတ် လမ်းပြင်နေတာကြောင့် ဒီလမ်းမှာ သွားလာရတာ အဆင်မပြေဖြစ်နေပါတယ်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများအတွက်

Mahar RIDE  က ခရီးသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရုံသာမက  Driver  တွေရဲ့ မောင်းနှင်မှုအတွေ့အကြုံကို ပိုကောင်းစေပြီး  Taxi Group  တွေကိုလည်း ထိရောက်စွာ စီမံခန့်ခွဲနိုင်အောင် တစ်နေရာတည်းမှာ ချိတ်ဆက်ပေးပါတယ်။

မြို့တွင်းခရီးစဉ်တစ်ခုအတွက်  Driver  နှင့် ခရီးသည်များ ညှိနှိုင်းနေသည့်ပုံ
၀၁အမြဲချိတ်ဆက်ထားပါ
Live

ခရီးစဉ်တစ်လျှောက်  Taxi Group  နဲ့ အမြဲချိတ်ဆက်နေပါ

ခရီးစတင်ချိန်ကနေ ရောက်ရှိချိန်အထိ  Taxi Group  ၊  Driver  နဲ့ ခရီးသည်တို့ လိုအပ်တဲ့အချက်အလက်တွေကို အချိန်နှင့်တပြေးညီ မျှဝေနိုင်ပါတယ်။

ခရီးစဉ်အခြေအနေအသစ်ကို လူတိုင်း အချိန်မီ သိရှိနိုင်ပါတယ်
Taxi Group  နှင့်  Driver  များ ခရီးစဉ်အတွက် ညှိနှိုင်းနေသည့်ပုံ
၀၂ပိုကောင်းတဲ့  Taxi  ခရီးစဉ်အတွက်
ချိတ်ဆက်ထားသည်

Taxi Group  အတွင်း ဆက်သွယ်မှုကို ပိုလွယ်ကူစေပါတယ်

Taxi Group  က  Driver  တွေနဲ့ အဆင်ပြေစွာ ညှိနှိုင်းနိုင်ပြီး၊ ခရီးသည်တွေအတွက်လည်း ရှင်းလင်းတဲ့ ဆက်သွယ်မှုကို ပေးနိုင်ပါတယ်။

Taxi Group  ဝင်တိုင်းက ခရီးစဉ်အခြေအနေကို အမြဲသိရှိနိုင်ပါတယ်
ခရီးစဉ်အပြီး ငွေသား သို့မဟုတ်  Digital Wallet  ဖြင့် ယာဉ်စီးခ ပေးချေနေသည့် ခရီးသည်
၀၃ငွေပေးချေမှုကို လွယ်ကူစေပါတယ်
Easy to Pay

ငွေသား သို့မဟုတ်  Digital Wallet  နဲ့ လွယ်ကူစွာ ပေးချေပါ

ခရီးစဉ်ပြီးဆုံးတဲ့အခါ ငွေသားဖြစ်စေ၊ သင်အသုံးပြုလိုတဲ့  Digital Wallet  ဖြစ်စေ အဆင်ပြေတဲ့နည်းလမ်းနဲ့ ယာဉ်စီးခကို ပေးချေနိုင်ပါတယ်။

ငွေသားနှင့်  Digital Wallet  နှစ်မျိုးလုံးကို လက်ခံပေးပါတယ်
Taxi Group  ဝင်  Driver  များ အတူတကွ တွေ့ဆုံဆွေးနွေးနေသည့်ပုံ
၀၄Taxi Group  နှင့် အသိုင်းအဝိုင်းအတွက်
24/7

Taxi Group  တိုင်းအတွက် အဆင်ပြေတဲ့ဝန်ဆောင်မှု

Driver  များကို စီမံခန့်ခွဲတာ၊ ခရီးသည်များနဲ့ ဆက်သွယ်တာတွေကို  Taxi  အသိုင်းအဝိုင်းအတွက် ဖန်တီးထားတဲ့ ဝန်ဆောင်မှုတစ်ခုတည်းကနေ လွယ်ကူစွာ လုပ်ဆောင်နိုင်ပါတယ်။

Driver  စီမံခန့်ခွဲမှုကနေ ခရီးသည်ပံ့ပိုးမှုအထိ တစ်နေရာတည်းမှာ လုပ်ဆောင်နိုင်ပါတယ်
Driver  နဲ့  Taxi Group  တွေအတွက်

အချိန်အလိုက် ကားခသတ်မှတ်ပြီး ခရီးစဉ်တွေကို အချင်းချင်း မျှဝေပါ

တစ်ပတ်လုံးရဲ့ နေ့နဲ့ အချိန်အလိုက် ကားခတွေကို ကြိုသတ်မှတ်ထားနိုင်ပြီး ကိုယ်မလိုက်နိုင်တဲ့ ခရီးစဉ်ကိုလည်း တခြား  Driver  ဆီ လွှဲပေးနိုင်ပါတယ်။

၀၁ကြိုတင်သတ်မှတ် ကားခ

နေ့တိုင်း၊ အချိန်တိုင်းအတွက် ကားခ သတ်မှတ်ပါ

ရုံးဖွင့်ရက်၊ ပိတ်ရက် ဒါမှမဟုတ် နေ့တစ်နေ့ချင်းစီအတွက် ကြိုက်တဲ့ အချိန်အပိုင်းအခြားမှာ ကားခကို ကြိုသတ်မှတ်ထားနိုင်ပါတယ်။ ညနေ ၅ နာရီကနေ ၆ နာရီလို ယာဉ်ကြောကျပ်တဲ့ အချိန်ရောက်ရင် သတ်မှတ်ထားတဲ့ ကားခကို အလိုအလျောက် သုံးပေးပါတယ်။

  • တစ်ပတ်ရဲ့ နေ့တိုင်းအတွက် သီးသန့် ကားခ
  • ညနေ ၅–၆ နာရီလို ကြိုက်တဲ့ အချိန်အပိုင်းအခြား
  • ကားခကို တစ်ချက်နှိပ်ရုံနဲ့ တိုး၊ လျှော့ လုပ်နိုင်

ကားခ အချိန်ဇယား

ပုံမှန် ကားခ · ၅,၀၀၀ ကျပ်

တနင်္လာ · ညနေ ၅:၃၀

၇,၀၀၀ ကျပ်

ညနေ ရုံးဆင်းချိန်

ယာဉ်ကြော ကျပ်

  • +၁,၅၀၀ ကျပ်
  • +၂,၀၀၀ ကျပ်
  • +၁,၀၀၀ ကျပ်
  • +၁,၀၀၀ ကျပ်
  • −၅၀၀ ကျပ်
၀၂ခရီးစဉ် မျှဝေခြင်း

ခရီးစဉ်ကို တခြား  Driver  ဆီ လွှဲပေးပါ

ခရီးသည်ကို သွားကြိုဖို့ မအားဘူးဆိုရင် ခရီးစဉ်  Order  ကို  Group  ထဲက  Driver  တစ်ယောက်ဆီ မျှဝေလိုက်ပါ။ စထွက်မည့်နေရာ၊ ရောက်မည့်နေရာနဲ့ ကားခကို မြင်ရပြီး တစ်ချက်နှိပ်ရုံနဲ့ လက်ခံနိုင်ပါတယ်။

  • Group  ထဲက  Driver  တွေဆီ မျှဝေနိုင်
  • စထွက်မည့်နေရာ၊ ရောက်မည့်နေရာနဲ့ ကားခ ပါဝင်
  • လက်ခံလိုက်တာနဲ့ ချက်ချင်း သိရ

သင့်ဖုန်းထဲက  Mahar RIDE Driver

Mahar RIDE  ပါတနာအဖြစ် ပါဝင်လိုက်ပါ။

Mahar RIDE Driver App  ကို  Download  လုပ်ပြီး  Taxi Group  နှင့် ချိတ်ဆက်ကာ ခရီးစဉ်အခွင့်အလမ်းအသစ်များကို ရယူလိုက်ပါ။

စတင်ရန်  Mahar RIDE Driver App  ကို  Download  လုပ်ပါ။

Driver App Download  လုပ်ရန်

ကျွန်ုပ်တို့အကြောင်း

Mahar RIDE

Mahar RIDE  က ခရီးသည်တွေနဲ့  Driver  တွေအတွက် ယုံကြည်စိတ်ချရပြီး ချောမွေ့တဲ့  Taxi  ဝန်ဆောင်မှုကို ပေးပါတယ်။ ခရီးသည်တွေ၊  Driver  တွေနဲ့  Taxi Group  တွေကို ချိတ်ဆက်ပေးပြီး ကားခေါ်တဲ့အချိန်မှစပြီး ခရီးဆုံးသည်အထိ ခရီးစဉ်တိုင်းကို အဆင်ပြေချောမွေ့စွာ ဖြတ်သန်းနိုင်အောင် ကူညီပေးပါတယ်။

လိပ်စာ

  • MICT Park  ၊ အဆောက်အဦး ၁၁၊ လှိုင်မြို့နယ်၊ ရန်ကုန်

ဆက်သွယ်ရန်ဖုန်းများ

အီးမေးလ်

ဝန်ဆောင်မှုပေးသည့်အရာများ

  • မြို့တွင်းခရီးစဉ်များ
  • လေဆိပ်ခရီးစဉ်များ
  • ရုံးနှင့်  Group  လိုက်သွားလာမှု